Study and Work in TOKYO
တိုကျိုမြို့မှာ ကျောင်းတက်ပြီး အလုပ်လုပ်မည်။

ဂျပန်စာကျွမ်းကျင်အောင်သင်ယူကာ နည်းပညာနှင့် ကျွမ်းကျင်မှုကိုလေ့လာပြီး အလုပ်ရအောင် ကြိုးစားကြရအောင်။

To Everyone Wishing to Study at a Japanese-Language School Japanese-language schools in Tokyo are the best choice!Certified

ဂျပန်ဘာသာသင်တန်းကျောင်း
(ပညာရေးကျောင်း)

ဂျပန်စာသင်ကျောင်းသည် နိုင်ငံခြားသားအား ဂျပန်စာကို သင်ကြားပေးသော ကျောင်းဖြစ်ပါသည်။ ဂျပန်စာသင်ကျောင်းများအနက် ကျောင်းပညာရေးဥပဒေအရ လိုင်စင်ရသောအထွေထွေသင်တန်းကျောင်း※(ဥပဒေ ပုဒ်မ ၁၃၄)ကို ဂျပန်ဘာသာသင်တန်းကျောင်းဟု သီးခြားခေါ်ဆိုသည်။

※၁၉၄၇ခုနှစ်တွင် ကျောင်းပညာရေးဥပဒေတွင် ပြဌာန်း၍ ၁၉၇၆ခုနှစ်တွင် စတင်အသုံးပြုခဲ့သော အထူးပြုသင်တန်းကျောင်းစနစ်၏ ရှေ့ပြေးစနစ်၏ ကျောင်းအမျိုးအစားဖြစ်ပါသည်။ အထွေထွေသင်တန်းကျောင်းလည်း အထူးပြုသင်တန်းကျောင်းကဲ့သို့ ကျောင်းပညာရေးဥပဒေတွင် သတ်မှတ်ထားသော တရားဝင် ကျောင်းအမျိုးအစားဖြစ်ပါသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်း၊ တက္ကသိုလ်အပြင် ကျောင်းပညာရေးကို သင်ကြားပို့ချပေးသည့်ကျောင်းအမျိုးအစားဖြစ်ပါသည်။ အစိုးရ၊ ဒေသအစိုးရ၊ ပုဂ္ဂလိကကျောင်းရှိ၍ ပုဂ္ဂလိကကျောင်းများသည် ခရိုင်အုပ်ချုပ်ရေးမှူးမှ လိုင်စင်ရရှိထားပါသည်။

Why choose a certified school? Five advantages!

အချက် ၁ ဥပဒေရှုထောင့်အရ ဘာထူးခြားသလဲ။

ဂျပန်ဘာသာသင်တန်းကျောင်းသည် ဂျပန်နိုင်ငံကျောင်းပညာရေးဥပဒေတွင် ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုခံရသော ပညာရေးကျောင်းဖြစ်ပါသည်။ ကျောင်းသားဗီဇာကို တရားရေးဝန်ကြီးဌာနမှ ကြေညာသည့်ကျောင်းများ သို့မဟုတ် အသိအမှတ်ပြုဂျပန်ဘာသာသင်တန်းကျောင်းများတွင်တက်ရောက်နေလျှင် ထုတ်ပေးနေသော်လည်း လိုင်စင်ရဂျပန်ဘာသာသန်တန်းကျောင်းသည် ဥပဒေအရ သင်တန်းချိန်၊ ကျောင်းသားဦးရေအလိုက်လိုအပ်သောဆရာဦးရေ၊ စာသင်ခန်းအကျယ်အဝန်း၊ ကိုယ်ပိုင်ကျောင်းအဆောက်အအုံရှိခြင်း စသည့် အသေးစိတ်သတ်မှတ်ချက်များရှိပါသည်။ ကျောင်းသားကန့်သတ်ဦးရေကို တိုးမြှင့်လိုပါက ခွင့်ပြုချက်ရယူရန်လိုအပ်သကဲ့သို့ အစိုးရမှ ကြီးကြပ်နေပါသည်။

ကိုယ်ပိုင်ကျောင်းအဆောက်အအုံဖြစ်သောကြောင့် စိတ်အေးလက်အေး သင်ယူလေ့လာနိုင်ပါသည်။ ကျောင်းသားကလပ်များရှိသည့်ကျောင်းလည်းများ၍ ဂျပန်ယဉ်ကျေးမှုကို လေ့လာနိုင်သည့်ပတ်ဝန်းကျင်ကို စီစဉ်ပေးထားသည်။ လိုင်စင်မရှိသောကျောင်းသည် ကိုယ်ပိုင်အဆောက်အအုံမရှိပဲ ကျောင်ဖွင့်နိုင်သောကြောင့် တိုက်တစ်တိုက်ရဲ့ အခန်းတစ်ခန်းတွင် သင်ကြားနေသောကြောင့် ကျောင်းတက်နေသည်ဟု မခံစားနိုင်ပါ။

※အသိအမှတ်ပြုဂျပန်ဘာသာသင်တန်းကျောင်းဆိုသည်မှာ စနစ်ဟောင်းအရ တရားရေးဝန်ကြီးဌာနမှ ကြေညာသည့်ကျောင်းများကဲ့သို့ တရားဝင် ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့် ဂျပန်ဘာသာသင်တန်းကျောင်းဖြစ်ပါသည်။ အလုပ်လုပ်နေသည့် ဆရာ၊ ဆရာမများလည်း အစိုးရအသိအမှတ်ပြုလက်မှတ်ရှိပြီး စနစ်ဟောင်းထက် ပိုမိုကောင်းမွန်ထိရောက်စွာ ဂျပန်ဘာသာသင်ကြားပေးနိုင်ပါသည်။ (၂၀၂၄ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်ကျင့်သုံးနေသည့် စနစ်အသစ်)

  • အချက် ၂ ကျောင်းသားလျှော့ဈေး

    လိုင်စင်ရကျောင်းဖြစ်လျှင် ကျောင်းသားလပေးလက်မှတ်ကို ဝယ်ယူအသုံးပြုနိုင်သည်။ ထို့အပြင် ပြတိုက်များတွင်တွေ့နိုင်သော ကျောင်းသားလျှော့ဈေးသည် လိုင်စင်ရကျောင်းများအတွက်သာ အကြုံးဝင်သောကြောင့် ငွေကြေးပိုင်းတွင်လည်း သက်သာပါသည်။ လိုင်စင်မရှိသောကျောင်း၏ကျာင်းသားများသည် ကျောင်းသားလျှော့ဈေးကို အသုံးမပြုနိုင်ပဲ ပုံမှန်ဈေးပေးရပါမည်။

  • အချက် ၃ တက္ကသိုလ်အကြိုသင်တန်း

    ဂျပန်နိုင်ငံတွင် တက္ကသိုလ်နှင့် အထူးပြုသင်တန်းကျောင်းတက်ရန် ကျောင်းပညာရေး ၁၂နှစ်တက်ခဲ့သူဖြစ်ရမည်။ သို့သော် ကျောင်းပညာရေး ၁၂နှစ် မရှိသောနိုင်ငံ၏ ကျောင်းသားဖြစ်လျှင်လည်း ဂျပန်နိုင်ငံ၏ တက္ကသိုလ်အကြိုသင်တန်းကို ၁ နစ်တက်ပါက အရည်အချင်းပြည့်မိသွားပါမည်။ ပညာရေးနှင်သိပ္ပံဝန်ကြီးမှ သတ်မှတ်သည့် တက္ကသိုလ်အကြိုသင်တန်းကို တိုကျိုမြို့ရှိ လိုင်စင်ရ ဂျပန်ဘာသာသင်တန်းကျောင်းအများစုတွင် ဖွင့်လှစ်ထားပါသည်။

  • အချက် ၄ တိုကျိုမှာ စာသင်မယ်။

    တိုကျိုမြို့တွင်းရှိ လိုင်စင်ရ ဂျပန်ဘာသာသင်တန်းကျောင်းများသည် ဂျပန်ဘာသာကို အထူးပြုသင်ကြားသည့်ကျောင်းအဖြစ် ရပ်တည်နိုင်ရန် မိမိဆန္ဒအရ ပညာရေးရည်မှန်းချက်၊ ကျောင်းစီမံခန့်ခွဲခြင်း၊ ကျောင်းဆရာ အစရှိသောအချက်များကို ဆန်းစစ်အကဲဖြတ်ရမည့်အချက်များအဖြစ်သတ်မှတ်ထားသည်။ ဤအချက်များကို အများကိုချပြခြင်းအားဖြင့် ကျောင်းအရည်အသွေးကို အာမခံပြီး စာမေးပွဲများအောင်ရန်လိုအပ်သည့် ဂျပန်စာအရည်အချင်းသာမကပဲ လုပ်ငန်းခွင်တွင်လိုအပ်သော အရည်အချင်းရရှိနိုင်ရန် လက်တွေ့ကျသော ဂျပန်ဘာသာကို သင်ကြားပို့ချနိုင်ရန် ကြိုးစားဆောင်ရွက်နေပါသည်။

  • အချက် ၅ တိုကျိုမှာပဲ ရနိုင်သောအခွင့်အရေး

    လူသားမက အခြားအရာလည်း တိုကျိုမြို့တွင် စုရုံးနေသည်။ ဂျပန့်ယဉ်ကျေးမှုအပြင် ယဉ်ကျေးမှုမျိုးစုံကို ကြုံတွေ့နိုင်သော တိုကျိုမြို့တွင် စိတ်ဝင်စားစရာအမျိုးမျိုးနှင့် ထိတွေ့ခြင်းအားဖြင့် အလိုလို ကြိုးစားလိုစိတ်ရှိလာနိုင်ပါသည်။ ထို့အပြင် ကုမ္ပဏီများလည်း တိုကျိုမြို့တွင် စုစည်းနေသောကြောင့် ကျောင်းအောင်သည့်အခါ ရွေးချယ်စရာလမ်းကြောင်းလည်း များပါသည်။ ရွေးချယ်စရာလမ်းကြောင်းများခြင်းသည် ဧကန်မုချ တိုကျိုးမှာပဲ ရနိုင်သောအားသာချက်ဖြစ်ပါသည်။

ကျောင်းရွေးချယ်သည့်အခါ ဂရုစိုက်သင့်သောအချက်များ

  • သင်ကြားရေး

    မိမိရည်ရွယ်ချက်နှင့်ကိုက်ညီသောသင်တန်းဟုတ်မဟုတ်၊ သင်ကြားရေး Level အစရှိသောအချက်များကို ကြိုတင်လေ့လာရမည်။

  • ကျောင်းအလိုက် နိုင်ငံခြားသားကျောင်းသားအခြေအနေ

    တရုတ်လူမျိုးကိုပဲ အဓိကထားသည့်ကျောင်း၊ ဗီယက်နမ်လူမျိုးများသည့်ကျောင်း၊ နိုင်ငံမျိုးစုံမှ ကျောင်းသားလက်ခံနေသည့်ကျောင်းဟု ကျောင်းအလိုက် လက်ခံနေသောနိုင်ငံခြားသားကျောင်းသားများသည် မတူကွဲပြားပါသည်။

  • ကျောင်းစရိတ်နှင့် ပညာသင်ဆု

    ကျောင်းစဝင်သည့်အခါအပြင် ကျောင်းအောင်သည့်အချိန်အထိ မည်မျှကုန်ကျသွားမည်ကို ကြိုတင်လေ့လာစုံစမ်းရမည်။ အချို့ကျောင်းတွင် ကျောင်းအစီအစဉ်ဖြင့် ပညာသင်ဆုကို စီစဉ်ပေးသည့်ကျောင်းလည်းရှိပါသည်။

  • တည်နေရာ

    မြို့ကြီးသည် နေထိုင်စရိတ်များသည်ဟူသောအားနည်းချက်ရှိသော်လည်း အချိန်ပိုင်းအလုပ်အလွယ်တကူရနိုင်ခြင်းအစရှိသော အားသာချက်များရှိသည်။ နယ်မြို့တွင် အဆောင်စီစဉ်ပေးသောကျောင်းများ၍ အခန်းခအစရှိသော နေထိုင်စရိတ်သည် မြို့ကြီးနှင့်နှိုင်းယှဉ်ပါက ဈေးသက်သာသည်ဟူသော အားသာချက်ရှိသည်။ မိမိအတွက် အဆင်ပြေသောနေရာကို သေချာစဉ်းစားပါ။

  • စားဝတ်နေရေးပံ့ပိုးကူညီခြင်း

    ကျောင်းသားအဆောင်ရှိမရှိ၊ ရှိလျှင် ယင်းတည်နေရာ၊ မရှိလျှင် အခန်းမိတ်ဆက်ပေးခြင်းရှိမရှိ။ အချိန်ပိုင်းအလုပ် မိတ်ဆက်ပေးခြင်းရှိမရှိအစရှိသော စားဝတ်နေရေးပံ့ပိုးကူညီပေးခြင်း ကောင်းမကောင်းဆိုသည့်အချက်လည်း ကျောင်းရွေးချယ်သည့်အခါ ဂရုစိုက်သင့်သောအချက်ဖြစ်ပါသည်။

  • ၆။ ကျောင်းဆက်တက်ခြင်းရလဒ်နှင့် သင်ကြားရေးစနစ်

    ဂျပန်စာကိုလေ့လာပြီးမှ အထူးပြုသင်တန်းကျောင်း၊ တက္ကသိုလ်၊ ဘွဲ့လွန်တက္ကသိုလ်သို့ ကျောင်းဆက်တက်လိုပါက မိမိဆက်တက်လိုသောကျောင်းကို ဆက်တက်သူရှိသောကျောင်းကို ရွေးချယ်နိုင်သကဲ့သို့ ကျောင်းဆက်တတ်နိုင်ရန်ပံ့ပိုးကူညီခြင်းနှင့် ယင်းရလဒ်များကို ကျောင်းလက်ကမ်းစာစောင်အပြင် အီးမေလ့်နှင့် ဖုန်းဖြင့် တိုက်ရိုက်ကျောင်းအသီးသီးသို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါသည်။

တိုကျိုမြို့တွင်းရှိ လိုင်စင်ရ ဂျပန်ဘာသာသင်တန်းကျောင်းများစာရင်း

"အသင်းဝင်ကျောင်းများ" 2025 ခုနှစ် ဩဂုတ်လ လက်ရှိ

  • Toa Language Institute

    Akasaka Kazan Building, 2-17-47 Akasaka, Minato-ku 107-0052

    TEL.03-5575-6303

    Toa Language Institute

  • Kyoritsu Japanese Language Academy

    Kyoritsu Ikueikai Building, 2-17-12 Yushima, Bunkyo-ku 113-0034

    TEL.03-5805-0381

    Kyoritsu Japanese Language Academy

  • Japanese Language School affiliated with Chuo College of Technology

    Our school is a group school of Incorporated Educational Institution Chuo College of Technology, a leader in education in Japan with an advanced educational record which was established in 1909.
    Since our school opened, we have focused on improving the educational environment. The new school building provides an even more comfortable learning environment, which began in August 2019.
    The foundation of education is "steady and reliable", which is the school policy of Chuo College of Technology. Not only do our faculty and staff teach Japanese, but they also support the daily life of international students so that they can concentrate on learning Japanese every day. The staff works closely together to give serious instruction with care.

    1-4-8 Higashi-tabata, Kita-ku 114-0013

    TEL.03-3895-1909

    Japanese Language School affiliated with Chuo College of Technology

  • Akamonkai Japanese Language School - Nippori Campus

    ကျွန်ုပ်တို့၏ကျောင်းသည် Nippori ဘူတာမှ 4 မိနစ်လမ်းလျှောက်ရန်အဆင်ပြေစွာတည်ရှိပြီး Arai Gakuen ပညာရေးကော်ပိုရေးရှင်းမှလုပ်ဆောင်သောဂျပန်ဘာသာစကားကျောင်းများထဲမှတစ်ခုဖြစ်သည်။ Arai Gakuen ပညာရေးကော်ပိုရေးရှင်းသည် နိုင်ငံနှင့် ဒေသပေါင်း 50 ကျော်မှ ကျောင်းသားပေါင်း 2,000 ခန့်ကို လူမျိုးပေါင်းစုံ မျှတစွာ လက်ခံပါသည်။ သင့်ဂျပန်ကျွမ်းကျင်မှုအဆင့်နှင့် နိုင်ငံခြားပညာသင်ကြားရန် ရည်ရွယ်ချက်နှင့် ကိုက်ညီသော အသေးစိတ် အမျိုးအစားခွဲခြင်းနှင့် သင်ရိုးညွှန်းတမ်းများမှတစ်ဆင့် အရည်အသွေးမြင့် အတန်းများကို ပေးဆောင်ထားပြီး နောက်ထပ်ပညာရေးနှင့် အလုပ်အကိုင်များအတွက် ရက်ရောသော ပံ့ပိုးမှုစနစ်လည်း ရှိပါသည်။ ကျွန်ုပ်တို့တွင် ကျောင်းသားအဆောင်များ၊ စာကျက်ခန်းများနှင့် စာကြည့်တိုက်များ၊ ဘာသာစကားမျိုးစုံ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဖျားနာမှုနှင့် ထိခိုက်ဒဏ်ရာရမှုများအတွက် လူနေမှုပုံစံဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် ပညာသင်ဆုစနစ်တို့ အပါအဝင် ပြည့်စုံသော ပံ့ပိုးမှုစနစ်လည်း ရှိပါသည်။

    2-54-4 Nishi-nippori, Arakawa-ku 116-0013

    TEL.03-3806-6106

    Akamonkai Japanese Language School - Nippori Campus

  • Toyo Language School

    With our original education system, JCT, Toyo Language School supports each student and their goals through individual counseling. This is done through a fusion of offline and online learning, called the “4 M’s” (My Teacher, My Study, My Days, My Career) – a system designed to help with studying as well as daily life. With five major study plans, whether a student’s goal is to find employment or to attend a college, university, or technical school, TLS supports each and every student and helps them to achieve their goals.

    7-6-3 Nishi-kasai, Edogawa-ku 134-0088

    TEL.03-5605-6211

    Toyo Language School

  • Japanese Language School of The Tokyo Foreign Language Academy

    3-19-21 Ukima, Kita-ku 115-0051

    TEL.03-3966-8910

    Japanese Language School of The Tokyo Foreign Language Academy

  • Tokyo Kogakuin Japanese Language School

    This traditional Japanese language school was opened in 1971. It is one school in an educational foundation that adheres to the strict standards of private school law in Japan. Vocational colleges incorporating a four-year university studies course are also contained within the educational foundation. Students not only from Asia but from all over the world study here. There is an at-home atmosphere at our schools, where each student receives personal and individualized care. The Japanese language school is accessible from two major train stations. It is also located near the expansive Shinjuku Park, so the school is quiet and relaxed. Finally, tuition fees are not expensive, according to the will of the founder of the educational foundation.

    5-30-16 Sendagaya, Shibuya-ku 151-0051

    TEL.03-3352-3851

    Tokyo Kogakuin Japanese Language School

  • KCP International Japanese Language School

    Ever since the establishment KCP has been making utmost effort in supporting the young students all over the world achieve their dreams. For the young students who live in the 21st century to work their way out for the future they strive for, it is essential for them to educe their potential ability and find the true joy of learning as independent learners. KCP has been making pepetual effort in providing supreme learning environment in both hardware and sofware for these students to lead rich and fruitful study abroad life in Japan.
    Please believe in your possibility and set your goal high for the study abroad, we all look forward to working with you for the realization of your dream.

    1-29-12 Shinjuku, Shinjuku-ku 160-0022

    TEL.03-3356-2359

    KCP International Japanese Language School

  • Shinjuku Japanese Language Institute

    2-9-7 Takadanobaba, Shinjuku-ku 169-0075

    TEL.03-5273-0044

    Shinjuku Japanese Language Institute

  • Japanese Language School Affiliated with Tokyo International University

    Japanese Language School affiliated with Tokyo International University was established in 1987. There are full-time courses, half-day courses, and university preparatory courses, and you can choose the course that suits your purpose of studying abroad. One of the features of our school is the in-depth guidance for higher education provided by your homeroom teacher and full-time career guidance staff. We carefully guide each student according to their goals. In addition to learning Japanese, you can also experience various Japanese cultures and cross-cultural exchanges with students from other countries in your class. There are many scholarship programs available.

    4-23-23 Takadanobaba, Shinjuku-ku 169-0075

    TEL.03-3371-6121

    Japanese Language School Affiliated with Tokyo International University

  • Eastwest Japanese Language School

    We offer numerous opportunities for students to interact with Japanese people, such as participating in exchange classes with various organizations, regional events, or sports activities with university students. Students learn real Japanese through their interactions with Japanese people, and gain a deeper understanding of Japan and Japanese culture.

    2-36-9 Chuo, Nakano-ku 164-0011

    TEL.03-3366-4717

    Eastwest Japanese Language School

  • Meros Language School

    Located in Ikebukuro which has easy access. In the other hand, around Meros is quiet and suitable environment for study. Offering various levels of classes, each student can choose classes depending on his/her own needs and levels. In all levels, curricula are make up to improve "practical Japanese" and "Communication skill". In addition to, we also offer various activities not only studying Japanese program. Students can make their Japanese life more enjoyable with learning Japanese culture, talking with Japanese students, and so on.

    2-45-7 Higashi-ikebukuro, Toshima-ku 170-0013

    TEL.03-3980-0068

    Meros Language School

  • Yamano Japanese Language School

    3-10-6, Sendagaya, Shibuyaーku 151-0051

    TEL.03-5772-5112

    Yamano Japanese Language School

  • Sendagaya Language School

    As a group school of Sendagaya Japanese Institute established in 1975, our school opened in 2017. So far, students from 16 countries and regions, including Asia and Europe, have enrolled and are working hard to learn Japanese, mainly for finding a job in Japan. The school offers a wide range of off-campus activities, such as experiencing Japanese culture and international exchange, as well as active communications in Japanese language within the school. In addition, the school lends each student a tablet device for free, which students can use in class for writing reports and making presentations, or take home to study Japanese.

    1-13-11 Komagome, Toshima-ku 170-0003

    TEL.03-5937-1995

    Sendagaya Language School